Our Policy
မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်၏ ရည်ရွယ်ချက် နှင့် မူဝါဒ
(က) မြန်မာနိုင်ငံအိုလံပစ်ကော်မတီ မှချမှတ်ထားသော မူဝါဒများနှင့်အညီ အမျိုးသား ကျန်းမာရေးကို မြှင့်တင် ပံ့ပိုးဆောင်ရွက်ရာတွင် ကြက်တောင်အားကစားဖြင့် အထောက်အကူဖြစ်စေရန်။
(ခ) မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင်ကြက်တောင်အားကစားအဆင့်အတန်းအဘက် ဘက် မှဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်။
(ဂ) ကြက်တောင်ပြိုင်ပွဲများကျင်းပပေးခြင်းဖြင့် ကြက်တောင်အသင်းအဖွဲ့များအုပ်ချုပ်သူများ ကြက်တောင်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရှိစေရာမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပိုမို ခိုင်မာစေရန်။
(ဃ) မြန်မာနိုင်ငံတွင် ကြက်တောင်အားကစားနှင့်ပတ်သက်၍ စည်းကမ်း စနစ်တကျ ရှိစေရန် နည်းစနစ်အပိုင်း အုပ်ချုပ်မှုအပိုင်း ဥပဒေရေးရာအပိုင်းတို့တွင် နိုင်ငံတကာကြက်တောင်အားကစားအဖွဲ့ချုပ် ၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရန်အတွက် အဘက်ဘက်မှ ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်သွားရန်။
(င) ကြက်တောင်အားကစားသမားများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရန်။


